လူဝင်မှုကြီးကြပ်ရေးအရာရှိဟောင်း မှပြောပြသော– အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေသိပ္ပံကျွမ်းကျင်သူ Som ၏ စိန်ခေါ်မှုနှင့် ထိုင်းနိုင်ငံ၌ စီးပွားရေးစတင်ခဲ့ခြင်းstory
မင်္ဂလာပါ။ကျွန်ုပ်သည်လူဝင်မှုကြီးကြပ်ရေးအရာရှိဟောင်း နှင့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေသိပ္ပံကျွမ်းကျင်သူ Som ဖြစ်ပါတယ်။ဤဆောင်းပါးမှာတော့ ကျွန်ုပ်သည် လူဝင်မှုကြီးကြပ်ရေး အရာရှိအဖြစ်လုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် စီးပွားရေးစတင်ခဲ့ပုံနှင့် ဂျပန်နိုင်ငံသို့ပြန်လာပီး နောက် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေသိပ္ပံကျွမ်းကျင်သူအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပုံကို ပြောပြချင်ပါတယ်။ နောက်ဆုံးအထိ ဖတ်ပေးရန်တောင်းဆိုချင်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သည့်နေ့ရက်များ
ကျွန်ုပ်သည် (ရှေ့သို့)ဟူသော ဆောင်ပုဒ်ဖြင့်နာမည်ကြီးသော တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်Narita လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိအဖြစ်စတင်အလုပ်လုပ်ခဲ့ပါသည်။ နေ့ရက်တိုင်းတွင် များစွာသောခရီးသည်များကို ကြိုဆိုရသော်လည်း၊ တခါတရံတွင် ဝင်ခွင့်မပေးနိုင်ဘဲ “မရပါဘူး” ဆိုသောစကားကိုပြောရန်ခက်ခဲသော အခန်းကဏ္ဍများလဲ ရှိခဲ့ပါ သည်။ထို့နောက် တရားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပြီးတာဝန်များကို လေးနက်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးတွင် ကျွန်ုပ်၏အလုပ်သည် စိတ်ဝင်စားဖွယ် ကောင်းပြီး၊ ကြီးကြီးမားမား တိုင်ကြားမှုများ မရှိခဲ့ပါ။
မိခင်ဆုံးပါးသွားပြီးနောက် ဘဝ၏ အချိုးအကွေ့
ကျွန်ုပ်သည်ထိုင်းသို့သွားရန်ဆုံးဖြတ်ရသည့်အကြောင်းအရင်းမှာ မိခင်ကွယ်လွန်ခြင်းကြောင့် ဖြစ်ပါသည်။ သူမသည် သူနာပြုအလုပ်မှရပ်နားပြီး၊ သူမ၏ အိပ်မက်ဖြစ်သော ပန်းအလှဆင်သင်တန်းကို ဖွင့်ခဲ့ပါသည်။သို့သော်လည်း မကြာခင်အချိန်တွင်းမှာပင် ကင်ဆာရောဂါကိုခံစားရပြီး ခြောက်လအတွင်းတွင် ကွယ်လွန်သွားခဲ့ပါသည်။တိုက်ဆိုင်စွာပင် အမေ၏စျာပန သည် ကျွန်ုပ်၏မွေးနေ့ဖြစ်ပါသည်။
ထိုအဖြစ်အပျက်ကြောင့် ကျွန်ုပ်သည်“ဘဝက မျှော်မှန်းမထားတဲ့အရာတွေဖြစ်လာနိုင်တယ်” “အချိန်တိုအတွင်း အရာရာပြောင်းလဲနိုင်တယ်” ဆိုတာကို သဘောပေါက်လာခဲ့ပါသည်။ထိုကြောင့် ကျွန်ုပ်သည်လူဝင်မှုကြီးကြပ်ရေးအရာရှိ အလုပ်ကို ထွက်ပြီး ထိုင်းနိုင်ငံသို့သွားရန်ဆုံးဖြတ်ခဲ့ပါသည်။
ထိုင်းနိုင်ငံ – Chiang Rai (ချင်းရိုင်) တွင် စီးပွားရေးစတင်ခြင်း
ထိုင်းနိုင်ငံတွင် မြန်မာနှင့် လာအိုနယ်စပ်အနီးတွင်ရှိသော ချင်းရိုင်မြို့သို့ရွှေ့လာပြီး
ရွှေတြိဂံဟု လူသိများသော ထိုဧရိယာတွင် ခရီးသွားကုမ္ပဏီတစ်ခုဖွင့်ခဲ့ပါသည်။
ထို့နောက်၄ နှစ်အကြာတွင် ဥပဒေရေးရာရုံးတစ်ခုလည်း ဖွင့်လှစ်ခြင်း
အနှစ် 20 အတွင်း ကျွန်ုပ်သည် ကျွန်ုပ်၏ ခရီးသွားလုပ်ငန်းလည်ပတ်မှုများကို တရားဝင်စီးပွားရေးနှင့် ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်ခဲ့ပြီး၊ ကျွန်ုပ်၏ကုမ္ပဏီကိုလည်းဆုံးရှုံးမှုမရှိအောင်လည်ပတ်ရင်း နှစ်စဉ်ကျွန်ုပ်၏ဗီဇာကာလကို သက်တမ်းတိုးခြင်းဖြင့် အလုပ်ရှုပ်နေခဲ့ပါသည်။
“ဥပဒေပညာကို ပိုလေ့လာသင့်တယ်” ဟူသော ကျွန်ုပ်ဘဝကို ပြောင်းလဲစေခဲ့သောအကြံဉာဏ်
ကျွန်ုပ်သည် လူဝင်မှုကြီးကြပ်ရေးဌာန မှ နှုတ်ထွက်ပြီးနောက် ရင်းရင်းနှီးနှီး စကားမပြောဖူးသောအခြား ဌာနမှ စီနီယာတစ်ဦးထံမှ ထိုအကြံဉာဏ်ကို ရရှိခဲ့ပါသည်။
「ထိုင်းနိုင်ငံမှာ ဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးခင် ဥပဒေကို ပိုလေ့လာသင့်တယ်။အနာဂတ်မှာ ဂျပန်ကို ပြန်လာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ နယ်ပယ်တွေမှာ အလုပ်လုပ်နိုင်ပါတယ်။ဂျပန်မှာ အရည်အချင်းမရှိရင် ဘာမှလုပ်လို့မရဘူး။ ဒါကြောင့် ရှေ့နေလုပ်ပါ။」
ထိုစကားသည် ကျွန်ုပ်၏ စိတ်ထဲတွင် အမြဲရှိနေခဲ့ပါသည်။ ထို့နောက် နှစ် ၂၀ အကြာတွင် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေသိပ္ပံကျွမ်းကျင်သူ စာမေးပွဲအောင်ပြီး ဂျပန်သို့ ပြန်လာခဲ့ပါသည်။
လက်ရှိတွင် ကျွန်ုပ်သည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူအဖြစ် လုပ်ဆောင်နေပြီး လူအများအား ဗီဇာနှင့်နေထိုင်မှုဆိုင်ရာလုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
နိဂုံးချုပ်
ဒီအကြောင်းအရာကိုဖတ်သောလူတိုင်းအတွက်
“မင်း အခုလုပ်နိုင်တာကို အကောင်းဆုံးလုပ်ဖို့ အရေးကြီးတယ်” နှင့် “မင်းဘဝရဲ့ ကိုယ်ပိုင် လမ်းကို ဖောက်နိုင်ရမယ်” ဆိုသောမက်ဆေ့ချ်အနည်းငယ်ကိုမျှဝေပေးနိုင်သည့်အတွက် ကျွန်ုပ်ပျော်ရပါသည်။
ကျွန်ုပ်တို့ရုံးသည် လူဝင်မှုကြီးကြပ်ရေးအရာရှိဟောင်း ၏ ဦးဆောင်မှုဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်၊ ပြည်ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် နိုင်ငံသားပြောင်းလဲခြင်း လျှောက်ထားမှုများအတွက် အထူးပြုထားသော ဝန်ဆောင်မှုရုံးဖြစ်သောကြောင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်မေးမြန်းပါသည်။
#Immigration #Visa #ResidenceStatus #AdministrativeScrivener #Border #WorkPermit #MoveForward #Myanmar #Thailand #Laos #GoldenTriangle #BusinessManagement #PeriodOfStay #Consultation #FreeConsultation #OnlineSupport