ニュースリリース

မန္တလေး တွင် ပထမဦးဆုံးသော ဂျပန်နိုင်ငံ အိုင်တီကုမ္ပဏီအဖြစ် လုပ်ငန်းခွဲရုံးခန်းကို ဖွင့်လှစ်ပါမည်။

မန္တလေး တွင် ပထမဦးဆုံးသော ဂျပန်နိုင်ငံ အိုင်တီကုမ္ပဏီအဖြစ် လုပ်ငန်းခွဲရုံးခန်းကို ဖွင့်လှစ်ပါမည်။

GIC Myanmar Co.,Ltd (GIC) သည် ၂၀၁၆ခုနှစ်၁၀လပိုင်း၁ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ ဖြစ်သော မန္တလေး မြို့တွင် ပထမဦးဆုံးသော ဂျပန်နိုင်ငံ အိုင်တီကုမ္ပဏီအဖြစ် လုပ်ငန်းခွဲရုံးခန်းကို ဖွင့်လှစ်ပါမည်။

GIC ကုမ္ပဏီသည် ၂၀၁၂ခုနှစ်တွင် ရန်ကုန်မြို့ တွင် လုပ်ငန်းစတင်ခဲ့ပြီး၊ ဂျပန်နိုင်ငံမှ လုပ်ငန်းများ မြန်မာနိုင်ငံတွင်လုပ်ကိုင်ရာတွင် အဆင်ပြေစေရန် အတိုင်ပင်ခံအကူအညီပေးခြင်း၊ မြန်မာလူငယ်အိုင်တီလူငယ်ပညာရှင်များကို အလုပ်ခန့်အပ်ပြီးဂျပန်စာ၊ အိုင်တီပညာများ အခမဲ့သင်ပေးပြီး၊ ဂျပန်နိုင်ငံရှိ GIC ရုံးချုပ်တွင် အိုင်တီနည်းပညာရှင်အဖြစ် အလုပ်လုပ်ကိုင်စေခြင်း၊ဂျပန် System Development Project များကို Offshoreအဖြစ် လုပ်ကိုင်ခြင်း၊ စသည့် လုပ်ငန်းများ ကို လုပ်ကိုင်လျက်ရှိပါသည်။

ယခုအစိုးရသစ်လက်ထက်တွင် ဂျပန်အပါအ၀င် အခြားနိုင်ငံများမှ လုပ်ငန်းများမှ မြန်မာနိုင်ငံအတွင်းသို့ရင်းနှီးမြှုပ်နှံမှုများတိုးပွားလာနေသောကြောင့် အနာဂတ်အတွင် လူသားအရင်းအမြစ်များကို ရှာဖွေမှု၊ ပြုစုပျိုးထောင်မှုသည် အထူးအရေးကြီးလာသည်ဟုထင်မြင်ပါသည်။
မြန်မာလူငယ် အိုင်တီပညာရှင်များ စွမ်းရည်ဖွ့ံဖြိုးစေရန်အတွက် မိတ်ဖက်ကုမ္ပဏီဖြစ်သော Tosco ကုမ္ပဏီနှင့်အတူပူးပေါင်းပြီး ဂျပန်အရည်အသွေးမှီစေရန် မန္တလေးမှ လူငယ်အိုင်တီပညာရှင်များကို မြေတောင်မြှောက်ပေးသွားပါမည်။
မန္တလေးမြို့ နှင့် အနီးတ၀ိုက်တွင်နေထိုင် ပညာသင်ကြားနေကြသော ထူးချွန်သော မြန်မာလူငယ် အိုင်တီ ပညာရှင်များအနေဖြင့်ဂျပန်အိုင်တီ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ပြီး မိမိတို့၏ အရည်အချင်းများကို တိုးတက်အောင်လုပ်ကိုင်နိုင်မည့်အခွင့်အလမ်းဖြစ်ပါသည်။

GIC Myanmar Co.,Ltd
အမှတ် ၁၈၄၊ ၄လွှာ၊ ၃၉လမ်း အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။
01-03001675
https://gicjp.com/my/myanmar

Global Innovation Consulting Inc.
BR Ryogoku 2 Bldg 2F, 1-21-10 Midori, Sumida ward, Tokyo 130-0021 Japan
https://gicjp.com

Global Innovation Consulting Inc.

Global Innovation Consulting Inc.

BR Ryogoku 2 Bldg 2F, 1-21-10 Midori, Sumida ward,
Tokyo 130-0021 Japan

E-mail : marketing@gicjp.com

Contact Us

TEL :   + 81-3-5600-8880
FAX :   + 81-3-5669-0955

Corporate Site - This is a contributing Drupal Theme
Design by WeebPal.