ニュースリリース

7 Daily ဂျာနယ်တွင် Job Career Consulting Seminar နှင့်ပတ်သက်၍ ဖော်ပြခဲ့ပါသည်။

ဂျပန်နည်းပညာကုမ္ပဏီများ မြန်မာအိုင်တီကျွမ်းကျင်သူများလာရောက်ခေါ်ယူ

ရန်ကုန်-ဂျပန်နည်းပညာကုမ္ပဏီ၁၁ခုက မြန်မာနိုင်ငံရှိ IT ကျွမ်းကျင်သူများကို အလုပ်လုပ်ကိုင် ရန်လာရောက်ဖိတ်ခေါ်ရာ လူဦးရေ၅၀၀ ခန့်တတ်
ရောက်ခဲ့ပြီး ၄င်းတို့အနက် ၁၀ရာခိုင်နှုန်းကျော်ကို အလုပ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သြဂုတ် ၂၃ရက်က GIC ဂျပန်နည်းပညာကုမ္ပဏီ ဦးဆောင်၍ ဂျပန်နည်းပညာကုမ္ပဏီ ၁၁ခုခန့်က မြန်မာ ITပညာရှင်များကို ဂျပန်ရှိကုမ္ပဏီနှင့် ၄င်းတို့၏မြန်မာပြည်ရုံးခွဲများတွင် လာရောက်လုပ်ကိုင်ရန် ဖိတ် ခေါ်ခဲ့ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဥာဏ်ရည်စစ်ဆေးသော(IQ)မေးခွန်းများနှင့်
အင်တာဗျူးများ ဖြေဆိုရမည်ဖြစ်သည်။

ယခင်နှစ်များကလည်းဂျပန်နိုင်ငံမှ ကုမ္ပဏီများယင်းကဲ့သို့လာရောက်ဖိတ်ခေါ်မှုပြုလုပ်ကြသော်လည်း ယခုကဲ့သို့ ITကုမ္ပဏီများသာ လာရောက်ဖိတ်ခေါ် ခြင်းမှာ ပထမဆုံးဖြစ်ကြောင်းGIC နည်းပညာကုမ္ပဏီ ဒုတိယအမှုဆောင် အရာရှိချုပ် အာခီရအိုဂါဆာဝါရက ပြောသည်။

“နှစ်စဉ်အယောက်ငါးဆယ်လောက်ကို ဂျပန်ကုမ္ပဏီတွေက ဖိတ်ခေါ်ပြီး အလုပ်ခန့်လာခဲ့တာပါ။ဒီနှစ်တော့ IT ကုမ္ပဏီတွေ သီးသန့်ဖြစ်ပြီး လူများများပိုခေါ်ဖြစ်မယ် ထင်တယ်”ဟု၎င်းကဆိုသည်။

အဓိကအနေဖြင့် ပရိုဂရမ်မာများခေါ်ယူမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုက နည်းပညာလုပ်ငန်းကို စိတ်ဝင်စားသူအနည်းဆုံး ငါးဦးမှ ၁၀ဦး
ခေါ်ယူမည်ဟုဆိုသည်။

ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နိုင်ရန် အနည်းဆုံး နည်းပညာနှင့်ဆိုင်သည့် ဘွဲ့တစ်ခု ရထားရမည်ဖြစ်ပြီး IQ Testကိုကောင်းမွန်စွာဖြေဆိုနိုင်ရ
မည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အလုပ်သမားရှာဖွေရခက်ခဲနေပြီး အခြားနိုင်ငံများထက် မြန်မာနိုင်ငံသားများသည် ဂျပန်စကားကို အလွယ်တကူသင်ယူနိုင်သောကြောင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံကို စိတ်ဝင်စားကြကြောင်း အဆိုပါ
ဂျပန်နည်းပညာကုမ္ပဏီ ပိုင်ရှင်များကဆိုသည်။

ရွေးချယ်ခံရပါက မိမိဘက်က ကုန်ကျစရိတ် မပေးရဘဲဂျပန်သို့သွားရောက်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အထက်ပါဆောင်းပါးကို 7 Daily ဂျာနယ်တွင်ဖော်ပြထားပါသည်။

Global Innovation Consulting Inc.

Global Innovation Consulting Inc.

BR Ryogoku 2 Bldg 2F, 1-21-10 Midori, Sumida ward,
Tokyo 130-0021 Japan

E-mail : marketing@gicjp.com

Contact Us

TEL :   + 81-3-5600-8880
FAX :   + 81-3-5669-0955

Corporate Site - This is a contributing Drupal Theme
Design by WeebPal.