Corporate Identity

မောင်ရွှေမိုး၊သူကတော့ Global Innovation Consulting Inc.ရဲ့ ကိုယ်စားပြု အထိမ်းအမှတ်ရုပ်ကလေး(Corporate Identity)ပါ။ မြန်မာရိုးရာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ဆင်လေ့ ရှိတဲ့မြန်မာအမျိုးသားလေးပါ။ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုး တွေအကြောင်းကို လူအများသိဖို့ ကြိုးစားလေ့ရှိသူပါ။ IT နဲ့ပတ်သက်ပြီး ဝါသနာပါတဲ့သူ၊ IT နဲ့ပတ်သက်တဲ့ အလုပ်တွေကိုလဲ လုပ်ဆောင်ပါတယ်။လက်ရှိမှာတော့ အတွေ့အကြုံတွေ စုဆောင်းဆဲဖြစ်ပေမဲ့ အနာဂတ်မှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နဲ့ ဂျပန်ဘာသာ စကားတွေကို အသုံးပြုပြီး ဂလိုဘယ်အတိုင်းအတာ အားဖြင့် စီးပွါးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ဖို့ ရည်မှန်းချက်ရှိ သူဖြစ်ပါတယ်။

မရွှေလဲ့၊ သူကလေးကတော့ မောင်ရွှေမိုးရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ။ သူမဟာလည်းပဲ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နဲ့ ဂျပန်ဘာသာ စကားတွေကို ကျွမ်းကျင်စွာသုံးနှုံးနိုင်သူမြန်မာအမျိုးသမီးလေး ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ပန်းပန်ရတာ ကြိုက်နှစ်သက်သူပါ။ ပန်းကလေးတွေကို နှစ်ခြိုက်တတ်သူပါ။ သူမရဲ့ ပါး၂ဖက်မှာတော့ အခြားမြန်မာ မိန်းကလေးများ နည်းတူ သနပ်ခါး ပါးကွက်လေးကို တွေ့မြင်ရမှာပါ။


မောင်ရွှေမိုး၊ မရွှေလဲ့ တို့နဲ့အတူ ITနဲ့ ဂလိုဘယ် စီးပွါးရေးလုပ်ငန်းတွေကို လေ့လာရင်း လုပ်ငန်းချဲ့ထွင်ကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။

အမည် မောင်ရွှေမိုး
ကျား/မ အမျိုးသား
ဝါသနာ ခရီးသွားခြင်း၊ Game ကစားခြင်း
ကျွမ်းကျင်မှု ဓါတ်ပုံရိုက်ခြင်း
နှစ်သက်သောအရာ Facebook အသုံးပြုခြင်း၊ မြန်မာဟင်းလျာ


အမည် မရွှေလဲ့
ကျား/မ အမျိုးသမီး
ဝါသနာ ဘာသာစကား အသစ်လေ့လာခြင်း
ကျွမ်းကျင်မှု သီချင်း သီဆိုခြင်း၊ ချက်ပြုတ်ခြင်း
နှစ်သက်သောအရာ သူငယ်ချင်းတွေကို ပျော်ရွှင်စေခြင်း၊ ပန်း၊ သနပ်ခါး

Global Innovation Consulting Inc.

Global Innovation Consulting Inc.

BR Ryogoku 2 Bldg 2F, 1-21-10 Midori, Sumida ward,
Tokyo 130-0021 Japan

E-mail : marketing@gicjp.com

Contact Us

TEL :   + 81-3-5600-8880
FAX :   + 81-3-5669-0955

Corporate Site - This is a contributing Drupal Theme
Design by WeebPal.