ニュースリリース

ဂျပန်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လိုသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာဆွေးနွေးပွဲ

Global Innovation Consulting Inc.(GIC) သည် ၂၀၁၁ခုနှစ် ဧပြီလ တွင်စတင်တည်ထောင်ခဲ့ ပြီး ကမ္ဘာ့အဆင့်အတန်းမှီ အင်ဂျင်နီယာ
ဆိုင်ရာ ပညာရေး လုပ်ငန်းနှင့် ၀န်ထမ်းရေးရာလုပ်ငန်းများကို ကျယ်ပြန့်စွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင် လျက်ရှိပါသည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံရှိကုမ္ပဏီများသို့ စေလွတ်၍ ခန့်ထားခြင်းလုပ်ငန်းများ၊ အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများသည် ဂျပန်နှင့်
အခြားသော အိမ်နီးချင်းနိုင်ငံများတွင် အလွန်ကြီးမားသော စီးပွားရေး ဈေးကွက် တစ်ခုဖြစ်လာခဲ့ပါသည်။

Global Innovation Consulting Inc.(GIC) ၏၀န်ထမ်း ၇၀ကျော်သည်လည်း ဂျပန်နိုင်ငံ၏ နေရာအသီးသီးတွင် သက်ဆိုင်ရာ တာဝန်များကို
လုပ်ကိုင်လျက်ရှိပါသည်။ ယနေ့ပြုလုပ်ရသောဂျပန်ကုမ္ပဏီဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဆွေးနွေးပွဲမှ တစ်ဆင့် ဂျပန်နိုင်ငံ၏ Life နှင့်
လုပ်ငန်းဆိုင်ရာအချက်အလက်များကို အဓိကဆွေးနွေးသွားမည်ဖြစ်ပါသည်။
ဤဆွေးနွေးပွဲမှတစ်ဆင့် စိတ်ပါဝင်စားသောလူငယ်များကို GIC မှနွေးထွေးစွာကြိုဆိုလျက်ရှိပါသည်။

ဆွေးနွေးပွဲအကျဉ်း

  • နေ့စွဲ : ၂၀၁၅ခုနှစ် ၇ လ ၁၁ ရက် (စနေ)
  • အချိန် : ၁၀ နာရီ မှ ၁၁ နာရီ
  • နေရာ : GIC​ Japanese Training Class Room
      အမှတ် (၉၃/၉၅) ၊ ဒုတိယထပ်၊ အနော်ရထာလမ်းနှင့်
     ဆိပ်ကမ်းသာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်။
  • အကြောင်းအရာ : ဂျပန်လုပ်ငန်းများမှ ရှာဖွေနေသော Human Resources နှင့်
     ဂျပန်ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိနိုင်စေသော နည်းလမ်း
  • ၀င်ကြေး : အခမဲ့
  • တက်ရောက်နိုင်သူများ : ဂျပန်ကုမ္ပဏီ၏အလုပ်အကိုင်အခွင့်အလမ်းများအားစိတ်ပါဝင်စားသူများ
  • ကန့်သတ်ဦးရေ : ၃၀ ဦး
  • လျှောက်လွှာလက်ခံမည့်နေ့ရက်: ၂၀၁၅.၆.၂၆ ~ ၂၀၁၅.၇.၁၀ ( ၉း၀၀ မှ ၁၇း၀၀ )
     * ၁၂း၀၀ မှ ၁၃း၀၀ အတွင်း စာရင်းလက်မခံပါ
     * ဆွေးနွေးပွဲကျင်းပမည့်နေ့တွင်လည်း စာရင်းပေးသွင်းနိုင်ပါသည်။
  • လျှောက်ထားရန်
      ၁။ GIC Myanmar ရုံးသို့ဖုန်းမှတဆင့်  လျှောက်ထားနိုင်ပါသည်။
      ဆက်သွယ်ရန် ဖုန်း : ၀၁-၀၃-၀၀၁-၆၇၅
     ၂။ www.facebook.com/JobFairInYangonMyanmar တွင်လည်း message box မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
      Facebook မှတဆင့် စာရင်းပေးသွင်းရာတွင် အမည်၊ဖုန်းနံပါတ်၊ဆွေးနွေးပွဲအမည် နှင့်အတူ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
◆ ဆွေးနွေးပွဲများကို ၃လပိုင်းတွင် တစ်ကြိမ်၊ ၆လပိုင်းတွင်တစ်ကြိမ်၊ ၇ လပိုင်းတွင်တစ်ကြိမ်
(၈လပိုင်းတွင်ပြုလုပ်မည့် ၀န်ထမ်းရွေးချယ်ခြင်း မတိုင်မီ) စုစုပေါင်း ၃ကြိမ်ပြုလုပ်မည်ဖြစ်ရာ ယခုအခေါက်တွင် တတိယအကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင်ပါဝင်သော သူများသည် ၈လပိုင်းတွင်ပြုလုပ်မည့် GIC မှကျင်းပသော ၂၀၁၅ Job Fair တွင်ဆက်လက်ပါဝင်ခွင့်ရပါမည်။

◆ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၏အလုပ်အကိုင်အခွင့်အလမ်းများသာမက ဂျပန်နိုင်ငံနှင့်ပတ်သက်၍ သိလိုသောအကြောင်းအရာများကို လွတ်လပ်စွာဆွေးနွေးနိုင်ပါသည်။
ဆွေးနွေးပွဲအကျဉ်း။ ။ မြန်မာနိုင်ငံတွင်းရှိဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခွင့်ရပါက ရရှိနိုင်သော လစာ
 ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ရပါက ရရှိနိုင်သော လစာ
  ဂျပန်ကုမ္ပဏီများ၏စာချုပ်နဲ့ပတ်သက်သော အကြောင်းအရာ
  ဂျပန်စာအရည်အချင်းနှင့် IT အရည်အချင်းမရှိသောလူငယ်များအတွက် သင်ကြားမှု
 သင်သိလိုသော ဂျပန်ကုမ္ပဏီများအကြောင်း
အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံတွင် မြန်မာလူမျိုးIT Engineerအများဆုံးခန့်အပ်ထားခြင်းတွင် နံပါတ်(၁)အဖြစ်ရပ်တည်နေသော GIC ကုမ္ပဏီရဲ့ Director မှ QA ပုံစံဖြင့် ဆွေးနွေးသွားမှာဖြစ်ပါသည်။
Global Innovation Consulting Co.Ltd (GIC) မှ ဂျပန်ကုမ္ပဏီများ၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဂျပန်နိုင်ငံ၏လုပ်ငန်းဆိုင်ရာအခွင့်အလမ်းများကို တက်ရောက်လာသူများ စိတ်ကျေနပ်မှုရရှိသည်အထိ ဆွေးနွေးတင်ပြမည် ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

GIC Myanmar Co.,Ltd
တိုက်အမှတ် ၂၅၆၊ အခန်း (၃၀၇)၊ ၇လွှာ၊ပင်လုံထိပ်ထားကွန်ဒို၊
ပန်းဆိုးတန်းလမ်း(အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်း : ၀၁-၀၃-၀၀၁-၆၇၅
အီးမေး(လ်): marketing@gicjp.com

Global Innovation Consulting Inc.

Global Innovation Consulting Inc.

BR Ryogoku 2 Bldg 2F, 1-21-10 Midori, Sumida ward,
Tokyo 130-0021 Japan

E-mail : marketing@gicjp.com

Contact Us

TEL :   + 81-3-5600-8880
FAX :   + 81-3-5669-0955

Corporate Site - This is a contributing Drupal Theme
Design by WeebPal.